ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ
ဗမာ့ တပ်မတော် စတင်ဖွဲ့စည်းစဉ် တုန်းကတော့
အင်္ဂလိပ်ပုံစံ Regimental System နဲ့ ဖွဲ့ခဲ့ကြတယ်။ ဥပမာ ဗမာ့သေနတ်ကိုင် တပ်ရင်း
၁၊၂၊၃၊၄၊၅၊၆၊ စသဖြင့် ဒါ ဗမာ Regiment ရဲ့ Battalion တွေအဖြစ်ပေါ့ ။
ကရင်သေနတ်ကိုင်တပ်ရင်း ၁၊၂၊၃၊၄၊ ဒါ ကရင် Regiment ရဲ့ Battalion တွေပေါ့။ အဲလိုဘဲ
ကချင် ၁၊၂၊၃၊၄၊ ချင်း ၁၊၂၊၃၊၄၊ ဂေါ်ရခါး၊ ကယား ၊ရှမ်း စသဖြင့် Regimental System
တွေနဲ့ Battalion တွေ ဖွဲ့စည်း တည်ဆောက်ခဲ့ကြ တာဖြစ်တယ် ။
နောက်ပိုင်းမှာ Regimental System ကနေ Brigade System ဖွဲ့လာတော့ ခြေလျင်တပ်ရင်းဆို ပြီး ခလရ (၁) (၂) စသဖြင့် ပေါ်လာတယ် အဲဒီခေတ်ကလူကြီး တွေ က အဲ့ဒီခြေလျင်တပ်ရင်း ဆိုတာတွေကို အင်္ဂလိပ်ဘာသာပြန်ဆိုရာမှာ No. 1 Infantry Regiment စသဖြင့် ပြန်ဆိုခဲ့ကြ တော့ နဲနဲလွဲကုန်တယ်။ ဘာလို့လဲဆိုတော့ ခလရ(--)မှာ ဘာ Battalion မှမရှိဘူးလေ။ နောက်ပိုင်းတော်လှန်ရေးကောင်စီ လက် ထက် မှာ ကွန်မြူနစ် ရန်ကို အမြစ်ပြတ်ချေမှုန်းဖို့ အတွက် ခြေမြန် တပ်မတွေ ဆိုပီး ဖွဲ့စည်းတဲ့အခါကြတော့ ဖွဲ့စည်းပုံ တွေကသိသိသာသာ နိုင်ငံတကာဖွဲ့စည်းပုံတွေနဲ့ကွဲထွက် သွားတယ် ။ အမှတ်(၁၀၁) ခြေမြန်တပ်ရင်း စတာတွေကို အင်္ဂလိပ် လို N0. 101 Light Infantry Battalion လို့ခေါ်ခဲ့ကြတယ်။
ဒီမှာတင် ဦးတို့ ငယ်ငယ်တုန်းက အော် ခြေလျင် တပ်ရင်း ဆိုတာ Regiment ခြေမြန်တပ်ရင်း ဆိုတာ Battalion လို့ လွယ်လွယ် မှတ်ခဲ့ကြဘူးတယ်။ အမှန်ကတော့ အခုဦး တို့ ရဲ့ ခြေမြန်တပ်မဆိုတာတွေဟာ နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် Regiment တွေပဲပေါ့ နိုင်ငံတကာစံနှုန်းမှာ Division တခုမှာ ကိုယ်ပိုင်လက်ရုံးတပ်တွေက တပ်ရင်းအဆင့် နဲ့ကို ပါဝင်ရမှာ ဒီတော့တို့လူကြီးတွေက သူရဲ့ တပ်ရင်း ၁၀ ရင်းပါတဲ့ တပ်ကြီး ကို Regiment လို့လဲမခေါ်ခြင် Division အဆင့်လဲ မရောက်တော့ Light Infantry Division ဆိုပြီးလုပ်ချလိုက်တာပေါ့ ။
ဒီနေရာမှာ Battalion, Regiment, Bridge နဲ့ Division , Corps, Army ဆိုတဲ့ တပ်တွေ အကြောင်းအမြွက်မျှ ပြောလိုပါတယ် ဒါမှ ခြေလျင် ခြေမြန် ဘာကွာသလဲဆိုတဲ့ မေးခွန်းကို ရှင်းတဲ့နေရာမှာ အထောက် အကူဖြစ်မှာလေ။ နိုင်ငံတကာ စံနှုန်းအရ Battalion တခုဟာ လူ ၃၀၀ ကနေ ၁၂၀၀ လောက်ထိပါဝင် နိုင်တယ် Lt:Col သို့မဟုတ် Colonel တစ်ယောက် အုပ်ချုပ်ပါတယ်။ Regiment/Brigade တစ်ခုမှာတော့ လူ ၃၀၀၀ ကနေ ၅၀၀၀ လောက် ထိ ပါဝင်ပြီး Colonel သို့မဟုတ် Brigadier General တစ်ယောက်အုပ်ချုပ်တယ်။ Division မှာတော့ လူ ၁၀၀၀၀ ကနေ ၁၅၀၀၀ လောက်ပါပြီး Major General တယောက် အုပ်ချုပ်ပါတယ်။ Corps လို့ခေါ်တဲ့ တပ်မကြီးအဆင့်မှာ Lt:General အုပ်ချုပ်တယ် လူ ၂၀၀၀၀ ကနေ ၄၅၀၀၀ အထိပါတယ်။ Army လို့ခေါ်တဲ့ တပ်တော် တခုမှာတော့ General တစ်ယောက်အုပ်ချုပ်ပီး တော့ လူ ၈၀၀၀၀ ကနေ ၂၀၀၀၀၀ ထိပါတယ်။
Battalion ရဲ့အောက်မှာ သေနတ်အဖွဲ့၊ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ တွေရှိတယ်။ဒီတော့ နိုင်ငံတကာ ပုံမှန်ဖွဲ့စည်းပုံ တွေအရ ကော မြန်မာ့တပ်မတော် ရဲ့ဖွဲ့စည်းပုံအရကော အောက်ခြေပိုင်းမှာ ကတော့ သိပ်မကွာပါဘူး (ဥပမာ - သေနတ်အဖွဲ့ တစ်ခုမှာ နတ်တစ်၊ ဗုံးတစ်၊ အဖွဲ့ခေါင်းဆောင် ပေါင်း ၃ ယောက်၊ တပ်စိတ်တစ်စိတ်မှာ အဖွဲ့ ၃ဖွဲ့ ဒုတပ်စိတ်မှုး တပ်စိတ်မှုး ပေါင်း ၁၁ ယောက်၊ တပ်စုတစ်စုမှာ တပ်စိတ် ၃ စိတ် တပ်စုတပ်ကြပ်ကြီး တပ်စုမှုး ၃၅ ယောက်၊ တပ်ခွဲတစ်ခွဲမှာ တပ်စု ၃ စု တပ်ခွဲရုံး ပေါင်း ၁၁၅ ယောက် ဆိုပြီးရှိတယ် မြန်မာ့တပ်မတော်မှာလဲ (ကဖ ၇၀/ဂ ၆၈) အရ ဒီအတိုင်းဘဲ ဖွဲ့တယ်လေ။ ဒါပေမဲ့ တပ်ရင်း (Battalion) အဆင့်မှာတော့ လိုအပ်ချက်အရ ဖွဲ့စည်းထားတဲ့ တပ်ခွဲအရေ အတွက် ပေါ်မူတည်ပြီး ပြောင်းသွားတယ်။ အဲ့ဒီမှာ မြန်မာ့တပ်မတော် ရဲ့ ဖွဲ့စည်းပုံအရ ခြေလျင်/ခြေမြန် ဖွဲ့စည်းပုံပြောင်း သွားသလို ထင်ရတော့တာဘဲ။
ဘာလိုလဲဆိုတော့ ယေဘူယျ အားဖြင့် ခလရ ဆိုတာ တိုင်းစစ်ဋ္ဌာချုပ် လက်အောက်ခံတပ် တွေ များတယ်ဆိုတော့ နယ်မြေထိန်းတာဝန်ယူရတာလေ စခန်းတခုနဲ့ အခြေချပီး နယ်ထိန်းရတာဆိုတော့ နယ်မြေအကျယ် အ၀န်းပေါ်မူတည်ပြီး တပ်ခွဲအနည်းအများကွာသွားတယ် အဲ့ဒီမှာ ခလရ ဆိုရင် အရာရှိ ၄၀ ကျော် အခြားအဆင့် ၇၀၀ ကျော် ဖွဲ့စည်းပုံဆိုရင် ခလရ (ခြေလျင်) ၊ အရာရှိ ၃၀ ကျော် အခြားအဆင့် ၅၀၀ ကျော် ဖွဲ့စည်းပုံဆိုရင် ခမရ(ခြေမြန်) ဖွဲ့စည်းပုံ ဆိုပြီး ယေဘူယျ သတ်မှတ်တော့တာပေါ့ ။
အဲဒီတော့ ခြေလျင်နဲ့ ခြေမြန် ဘာကွာသလဲ ဆိုတဲ့ မေးခွန်းကို ဖြေရရင် (ယေဘူယျ သဘောနဲ့နော်) ခြေမြန်က လူ ၅၀၀ ကျော် ပါမယ် လျှင်မြန်စွာ လှုပ်ရှားစစ်ကစားနိုင်ရမယ် မြန်မာနိုင်ငံအနှံ စစ်မြေပြင်မရွေး အရောက်သွားပြီးလိုအပ်တဲ့ စစ်ဆင်ရေးတွေလုပ်မယ် တမခ တို့ စကခ တို့ လက်အောက်ခံဖြစ်မယ်။ ခြေလျင်က လူ ၇၀၀ ကျော်ခန့်ရှိမယ် နယ်မြေထိန်း စခန်းတွေထိုင်မယ် တိုင်းစစ်ဋ္ဌာချုပ်တို့ ဒကစ တို့ လက်အောက်ခံဖြစ်မယ် ။ ဒါယေဘူယျ ပြောတာနော် ဟာ ခလရတွေလဲ တမခ တွေအောက်မှာ ရှိတာဘဲလို့ ငြင်းမှာစိုးလို့ပါ ဟုတ်ပါတယ် ရှိပါတယ် ဒါ့ကြောင့် ခြေလျင် ခြေမြန်ဆိုတာ နာမည်အရသာ မဟုတ်ဘဲ တာဝန်အရပါ ကွဲပြားတတ်ပါတယ်။
ttkots73
No comments:
Post a Comment